****  တန်ဖိုးရှိသော မိသားစု တဦးချင်းစီအတွက် ပြုစုစောင့်ရှောက်မှုလေးတခု လိုအပ်ချက်ကြောင့် ဆုံးရှုံးမသွားရလေအောင် ***
Geneva Caregiver Service ကလူကြီးမင်းတို့အတွက် ရပ်တည်နေပါပြီ ….

ခေတ်ကာလအရ လုပ်ငန်းတွေနဲ့ မအားမလပ်လုပ်ဆောင်နေရချိန်…. အိမ်မှာ မိမိတို့ရဲ့ အဖိုး အဘွားကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့အတွက် ကျွမ်းကျင်တဲ့ caregiver ကို လိုနေပါသလား?

Geneva ၏ Caregiver များသည် လူနာအား ကျွမ်းကျင်စွာ စောင့်ရှောက်မှုပေးရုံသာမက စိတ်ပိုင်းဆိုင်ရာ အားပေးပြုစုပေးသည့် အားသာချက်များ ပိုင်ဆိုင်ထားပါသည်။ ကျွမ်းကျင်စွာစောင့်ရှောက်ပေးခြင်းဆိုရာမှာ ကျန်းမာရေးအသိပညာ၊ ဆေးဝါးဆိုင်ရာကျွမ်းကျင်မှု နှင့် အတွေ့အကြုံ စသည့်အရေးကြီးသည့် အတတ်ပညာများကို သေချာစွာ လေ့ကျင့်တတ်မြောက်ထားခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ပိုပြီးပြည့်စုံသော Caregiving တခုကို ပေးစွမ်းနိုင်သောကြောင့် တန်ဖိုးလည်းရှိ မွန်မြတ်လှပသော ဝန်ဆောင်မှုလေးပါ ရှင်…

  • ၂၄နာရီ အထူးကျွမ်းကျင် အကူသူနာပြုဆရာမ များဖြင့် စောင့်ရှောက်မှုပေးခြင်း
  • အထူးစိုးရိမ်ရန်မလိုပဲ စိတ်ချလက်ချဖြင့် မိမိလုပ်ငန်းများ မပြတ်လုပ်ဆောင်နိုင်ခြင်း
  • စေတနာအပြည့်ဖြင့် ပြုစုပေးခြင်းကြောင့် စိတ်ကျေနပ်မှုရရှိစေခြင်း စသည့် ဝန်ဆောင်မှု တို့ကြောင့် မိဘပြည်သူများ အားထားစရာ ဖြစ်လာခဲ့ပါပြီ။

…. ရှေ့ဆက်၍လည်း ဤကဲ့သို့ အရည်အသွေးပြည့်သော ဝန်ဆောင်မှုများကို ကောင်းသည်ထက်ကောင်းလာအောင် Geneva မှ ကြိုးစားတည်ဆောက်နေကြပါသည် …

Contact Us: ၇၇လမ်း၊ ၂၈ နှင့် ၂၉ကြား၊ ချမ်းအေးသာစံ၊ မန္တလေး။
09970006670, 09950780919

လူတော်တော်များများ ဆီးချို ရှိလာပြီဆိုရင် ဆရာဝန်နဲ့ပြ၊ သောက်ဆေးအားကိုး၊ မထိန်းနိုင်ရင် အင်ဆူလင်ထိုးကြတာ….

ဆေးတွေကတော့ သွေးထဲအချိုဓာတ်ကို အဓိကထိန်းပေးတယ်ဆိုပေမယ့်.. ဆေးတစ်ခုတည်းနဲ့တော့ မပြည့်စုံပါဘူး။

အစားအသောက်၊ နေထိုင်မှုပုံစံ (lifestyle)၊ မိမိကိုယ်ကို ဂရုစိုက်မှ ပြည့်စုံကောင်းမွန်တဲ့ control ရနိုင်မှာပါ။

၁။ အချိုရှောင်ရပါမယ်။ အချိုရှောင်ရမယ်လို့ မှတ်ကြတဲ့အခါ သကြားကိုပဲ ပြေးမြင်မိကြတယ် 😦😦 သကြားတစ်ခုတည်းမဟုတ်ပါဘူး။ ဆိုလိုချင်တာက အချိုရှောင်ဆိုတာ စားလိုက်ရင် ပါးစပ်ထဲမှာ ချိုတာအားလုံးပါပါတယ်။ ဟင်းချိုမှုန့်၊ သကြား၊ အသီးထဲက အချိုဓာတ်၊ စတာတွေအားလုံးပါပါတယ်၊

၂။ အဆီလည်းရှောင်ရပါမယ်။ ဆီချိုနဲ့ အဆီနဲ့ မဆိုင်ဘူးလို့ အများစုက ထင်တတ်ကြပါတယ်။ ဟုတ်ပါတယ်… တိုက်ရိုက်တော့မပတ်သတ်ပါဘူး။ ဆီးချိုရောဂါရှိတဲ့သူဟာ ကိုယ်အလေးချိန်ကို ထိန်းရပါတယ်။ ဝိတ်တတ်လာလို့ ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီဆိုရင်တော့ ကိုယ်သောက်နေရတဲ့ဆေးပမာဏဟာ မထိရောက်တော့ဘူး။ ဆေးပိုသောက်ရမယ်။ ဆေးရဲ့ဆိုးကျိုးတွေပိုခံစားရမယ်။ ဒါကြောင့် မဝအောင် အဆီရှောင်ရမှာပါ။

၃။ ဆေးလိပ်သောက်နေတယ်ဆိုရင် ဖြတ်လိုက်ပါတော့၊ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ဟာ သွေးကြောငယ်လေးများကို မာကျောစေပြီး သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်သည်။

 

၎။ မိမိခြေထောက်ကို ဂရုစိုက်ပါ။ မိမိဖိနပ် စီးရတာ ကျပ်နေတယ်ဆိုရင်တော့ အနည်းငယ် ချောင်သောဖိနပ်ကို ရွေးစီးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးချိုရောဂါသည်တွေမှာ အာရုံကြောများ ခံစားမှုနည်းသောကြောင့် ထိခိုက်မိပြီး အနာတရဖြစ်တာတောင် မသိကြသောကြောင့်ဖြစ်သည်။ အနာဖြစ်လာရင်လည်း အနာကျက်နှေးတတ်သည်။

 

၅။ ဆီးချိုကျဆေးပုံမှန်သောက်ပါ။ တချို့သောသူများသည် ဆီးချို ထိန်းနိုင်လာလျှင် ရောဂါကောင်းသွားပြီ အထင်နှင့် ဆေးသောက်ခြင်းကို ရပ်လိုက်ကြသည်။ ထိုအခါ ရောဂါသည် ပို၍ ပြင်းထန်လာသည်။

၆။ စိတ်ဖိစီးမှုကို ရှောင်ပါ။ စိတ်ဖိစီးနေလျှင် သွေးတွင်း အချိုဓာတ်သည် ပို၍ တက်တတ်သည်။ ထိုကြောင့် တနေ့လျှင် နာရီဝက်ခန့် သို့မဟုတ် ကိုယ်တတ်နိုင်သ၍ တရားထိုင်မှတ်ခြင်း၊ စိတ်အေးချမ်းစွာ အနားယူခြင်းတို့ပြုလုပ်သင့်ပါသည်။

 

၇။ ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများသည် အချိန် နာရီဝက်ခန့်ပေး၍ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးသင့်ပါသည်။

 

#Geneva_Knowledge